လူကြီးကပ်ခွာအသုံးပြုပုံ
- လူနာကို ဘေးတိုက်လှဲထားပါ။ ကပ်ခွာကို ဖွင့်ပါ။ ပြီးနောက်လူနာကို ကပ်ခွာပေါ်သို့လှဲစေပါ။ ပြီးလျှင် ကပ်ခွာအရှေ့အနောက်ကို ခါးပေါ်အထိ ညီညီဆွဲတင်ပါ။ ထို့နောက်တိပ်ကိုလိုသလောက် အနေအထားဆွဲကာ ကပ်ပေး ခြင်းဖြင့် ဝတ်ဆင်နိုင်ပါသည်။
- ကျုံ့နိုင်ဆန့် နိုင်သောမျှော့ကြိုးများက ခန္ဓာကိုယ်ပေါ်တွင်သက်သောင့်သက်သာဖြစ်စေပါသည်။
- အချိန်မှန်မှန်လဲပေးခြင်းအားဖြင့် အရေပြားကို သန့်ရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေပါသည်။
- ကပ်ခွာရှိတိပ်ကို သင့်အရေပြား သို့မဟုတ် ပေါင်ဒါမှုန့်များနဲ့ ထိတွေ့ခြင်းမှ ရှောင်ရှားပေးပါ။
- ကပ်ခွာအသုံးပြုပြီးနောက် မစင်ကို ကပ်ခွာမှ ထွက်မကျအောင် သေချာထုပ်ပိုးပြီး အိမ်သာထဲတွင် ဖယ်ရှားပြီးရေဆွဲချပါ။ ကျန်ရှိကပ်ခွာကို အမှိုက်ပုံးထဲသို့ တိုက်ရိုက်ထည့်ခြင်းအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိန်းသိမ်းပါ။
Don't forget to follow us!
Our Facebook Link : https://www.facebook.com/GaMonePwintOnline
Now available on both PLAY STORE and APPLE STORE!