Masuri Red Wine Mini 8ml * Toner + Emulsion

Barcode
(0 reviews)
Brand
Masuri

Inhouse product


Price
7,000 MMK /pc
Quantity
(5 available)
Total Price
Share

Reviews & Ratings

0 out of 5.0
(0 reviews)
There have been no reviews for this product yet.
အဆီပြန်ခြင်း ၊ ချွေးပေါက်ကျယ်ခြင်းများကို သက်သာစေဖို့အတွက် စပျစ်သီးနှင့် ဝိုင်နီတို့ရဲ့ အာနိသင် အဓိက ပါဝင်တဲ့ Pore Control Series ဖြစ်ပါသည်။ ဆေးဖက်ဝင် အပင်၇မျိုးပါ ထပ်မံအားဖြည့်ထားသောကြောင့် အသားအရေကို ချောမွေ့ဝင်းပစေနိုင်ပါသည်။ စပျစ်သီးတွင် Anti – Oxidant ပါဝင်သည့်အတွက် အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးပြီး Tannin က အသားအရည်ပေါ်မှာ မလိုလားအပ်တဲ့ အဆီပိုတွေကိုစုပ်ယူပေးပြီး အဆီဖုနှင့် အဆီခဲတွေကို ဖယ်ရှားပေးပါသည်။ သူ့ရဲ့ အာနိသင်လေးတွေကတော့ - (၁) သဘာဝစပျစ်သီးနဲ့ ထုတ်လုပ်ထားတဲ့ဝိုင်နီရဲ့အစွမ်းထက်အာနိသင်ကြောင့် အဆီပြန်တာကို လျှော့ချပေးနိုင်ပါသည်။ (၂) အသားအရေမှာကပ်ငြိနေတတ်တဲ့ ပိုးတွေကို သေစေနိုင်ပြီး ချွေးပေါက်များကို ကျဉ်းစေသည်။ (၃) ဝိုင်နီအနံ့လေးကြောင့် စိတ်ကို ကြည်လင် လန်းဆန်းစေပါသည်။ (၄) Anti Oxidant လို့ခေါ်တဲ့ အသားအရည်ကို တင်းရင်းစေတဲ့၊ အိုမင်းရင့်ရော်မှု ကို ကာကွယ်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေများစွာ ပါဝင်တဲ့ အတွက် အသားအရေကိုလည်း တင်းရင်းစိုပြေလာစေပါသည်။. (၅)ဆေးဘက်ဝင် ဝိုင်နီမှာ ပါဝင်တဲ့ Tanin ဓါတ်ကြောင့် ချွေးပေါက်လေး တွေကိုလည်း ပြန်လည် ကျဉ်းသွားစေပြီး အရေပြားပေါ်မှာ မလိုအပ်တဲ့ အဆီကျိတ်၊ အဆီခဲ နဲ့ အဆီပိုလေး တွေကို ဖယ်ရှားပေးပါတယ်။ Toner - ချွေးပေါက်ထဲမှာရှိတဲ့ ပိတ်မိနေတဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးပြီး အဆီထွက်နှုန်းကို သိသိသာသာလျော့ချပေးပါသည်။ချွေးပေါက်ကိုကျဉ်းပေးပြီးအသားအရေကိုတင်းရင်းကြည်လင်လာစေပါသည်။ Emulsion - စိမ့်ဝင်လွယ်သောနို့ရည်အမျိုးအစားဖြစ်ပြီး အသားအရေအတွင်းပိုင်းထိ ရေဓာတ်ပြန်လည် ဖြည့်ပေးပါသည်။ အသားအရေကို ကြည်လင်တင်းရင်းလာစေပြီး အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပေးသော Anti oxidant ၊ ဓါတ်တိုးဆန့်ကျင်ပေးသည့် ဂုဏ်သတ္တိအပြည့်ပါဝင်သောအကြောင့် အဆီပြန်သူ နဲ့ ချွေးပေါက်ကျယ်သောအသားအရေပိုင်ရှင်များအတွက် အသားအရေရေဓါတ် ပြန်လည်ဖြည့်တင်းပေးရန်အတွက်အသုံးပြုနိုင်ပါသည်။ Red Wine သည် သဘာ၀ အရက်မျိုးတစ်မျိုးဖြစ်သောကြောင့် Alcohol နှင့် ဓါတ်မတည့်သူများ Red Wine Series ကို သုံးလိုပါက အသုံးမပြုခင် လည်ပင်း (သို့ ) နားတစ်ဝိုက်တွင် အရင်စမ်းသပ်အသုံးပြုပြီး ၂၄ နာရီအတွင်း ဓါတ်မတည့်ခြင်း / Allergy Signs များမရှိပါမှ အသုံးပြုသင့်ပါသည်။

Product Queries (0)

Login or Registerto submit your questions to seller

Other Questions

No none asked to seller yet