ရေဘေးအန္တရာယ်နှင့် ဆောင်ရန်ရှောင်ရန်များ
အခုလိုမျိုး မိုးရာသီမှာဆိုရင် မိုးရွာသွန်းမှုကြောင့် မြစ်ချောင်းအင်းအိုင်များ ရေပြည့်ရေလျှံတာတွေအဖြစ်များပြီး ရေကြီးရေလျှံတာမျိုးတွေကို ကြုံရတတ်ပါတယ်။
ရေကြီးရေလျှံဖြစ်တဲ့အခါမှာ မိမိနှင့်မိသားစုဝင်၊မိတ်ဆွေတွေ ဘေးကင်းစေဖို့အတွက် ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာရန်အချက်လေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
မိုးလေဝသ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီနားစွင့်ထားပါ။
မိမိအိမ်မှာရှိတဲ့ တိလေးတွေကို ကြိုးဖြင့်ချည်နှောင်ထားတာမျိုးတွေ မပြုလုပ်ပါနဲ့။
ရေကြီးရေလျှံဖြစ်တဲ့ဒေသတွေမှာ မြစ်ချောင်း၊ကမ်းပါးတွေ ရေတိုက်စားမှုကြောင့် ပြိုကျတတ်တာကြောင့် ကမ်းပါးတွေရဲ့ အနီးကိုမသွားမိဖို့ ရှောင်ပါ။
သောက်ရေ သုံးရေကို လုံလောက်စွာသိုလှောင်ထားပါ။
မာမားခြောက်၊အသင့်စားစရာ အစရှိသည်တို့ကို ကြိုတင်စုဆောင်းထားပါ။
မိသားစုဝင်များနှင့်ကွဲကွာသွားတဲ့အခါမျိုးမှာ ဆက်သွယ်နိုင်ရန်အတွက် ရပ်ကွက်၊မြို့နယ်၊ဖုန်းနံပါတ် အစရှိသည်တို့ကို သေချာစွာ သိမ်းဆည်းမှတ်သားထားရမည်။
ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ခိုလှုံပါ။
ရေစိုပျက်စီးနိုင်သော အရေးကြီးစာရွက်စာတမ်းများကို ခြောက်သွေ့နိုင်သောနေရာနှင့် အမြင့်နေရာတို့တွေ သေချာစွာ သိမ်းဆည်းထားပါ။
ရေဘေးသင့်နေတဲ့ ပြည်သူများအားလုံးလည်း ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းလွတ်ကြပါစေ။