ဂမုန်းပွင့်မိသားစု၏ လစဉ်လှူဒါန်းမှု CSR (Corporate Social Responsibility) အစီအစဉ်အရ ၂၀၂၆ခုနှစ် ၊ စက်တင်ဘာ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ "မြောက်ဥက္ကလာပဆေးရုံကြီးတော်ဝင်ဆောင်" တတိယထပ်နှင့် စတုတ္ထထပ်တို့ရှိကင်ဆာရောဂါကုသဌာနမှတက်ရောက်နေသော ကင်ဆာလူနာ (၅၁)ဦးတို့အား အာဟာရဒါနနှင့် အလှူငွေများကို သွားရောက်လှူဒါန်းခဲ့ပါသည်။
ဤအလှူတော်တွင် ဂမုန်းပွင့်ကုမ္ပဏီမိသားစုနှင့်အတူ ပါမောက္ခ ဦးသိန်းဝင်း နှင့် ၈၂/၈၃ ဘူမိဗေဒ သူငယ်ချင်းများမှ စုပေါင်း၍
✨ လူနာတစ်ဦးလျှင် (၁၁၅,၀၀၀)ကျပ်နှုန်းဖြင့်
✨ ငွေသား ၅၈၆၅ဝဝဝိ/ အပါအဝင် အရသာရှိသော ခေါက်ဆွဲကြော် နှင့် ရေခဲမုန့် များကို မေတ္တာဖြင့် ပါဝင် လှုဒါန်းခဲ့ကြပါသည်။
သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်နှင့် စိတ်နှလုံးကြည်နူးစေရန် ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါသည်။ 🙏