ကထိန်ပွဲတော်အကြောင်း သိကောင်းစရာ..။🙏

Nov 09, 2024
နေ့ထူးနေ့မြတ်
ကထိန်ပွဲတော်အကြောင်း သိကောင်းစရာ..။🙏

ကထိန်ပွဲတော်အကြောင်း သိကောင်းစရာ..။🙏

" ကထိန် " , " စုပေါင်းဘုံကထိန် " ," ကထိန်သင်္ကန်း " ," ကထိန် သင်္ကန်းကပ်တယ် " ," ကထိန်ခင်းတယ် " စတဲ့ ...စကားတွေကိုတော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းကြားဖူးကြမှာဖြစ်ပါတယ်။ 

“ကထိန်” ဆိုတာ “ကထိန” ဆိုတဲ့ ပါဠိကို မြန်မာမှုပြုထားတာလည်း ဖြစ်ပါတယ်။ 

🔖သာမန်ဗုဒ္ဓဘာသာဝင် အများစုကတော့ .."ကထိန် " ဆိုရင် မိမိတို့သဒ္ဒါတရားထက်သန်သလို လှူလိုက်၊ တမ်းလိုက် လုပ်ရတယ်ပဲထင်ကြတာပါ။

ကထိန်ဆိုတာ ခိုင်မြဲခြင်း၊ ကြံ့ခိုင်ခြင်းဖြစ်သလို လွန်မြောက်ခြင်း၊ ကင်းလွတ်ခြင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။ 

ကထိန်ခင်းတယ် ဆိုတာ...

" ရဟန်းတော်တွေရဲ့ အလုပ်ပါ "

🔖တော်တော်များများထင်နေကြတာကတော့ ကထိန်ခင်းတာကို လူတွေဖြစ်တဲ့ ဒကာ၊ဒကာမတွေကပြုလုပ်ကြတယ် ဆိုပြီးတော့ပါပဲ။ တကယ်ကတော့ ကထိန်ခင်းခြင်းအမှုကို ရဟန်းသံဃာတွေကပြုလုပ်ရတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ကထိန်ခင်းတဲ့ လှူဖွယ်ပစ္စည်းတွေကိုတော့ ဒကာ၊ဒကာမတွေကပဲ လှူဒါန်းပေးရတာပါ။

အဲ့လိုကနေပြီး ကထိန်ခင်းဖို့ သင်္ကန်းလှူဒါန်းတာကိုပဲ “ကထိန်ခင်း”  တယ်လို့ခေါ်ကြတာဖြစ်ပါတယ်။ 

😇ဒကာ၊ဒကာမတွေက သင်္ကန်းအလှူရှင်သာလျှင်ဖြစ်ပါတယ်။ 

ကထိန်သင်္ကန်းကိုလူတွေပဲလှူလို့ရတာမဟုတ်ပါဘူး။ 

ရဟန်း သာမဏေ၊ သီလရှင်၊ နတ်၊ ဗြဟ္မာ၊ နဂါး၊ ဂဠုန်တွေလည်း လှူခွင့်ရှိပါတယ်။ 

နောက်ထပ်တစ်ချက်အနေနဲ့ ရဟန်းသံဃာတော်တွေ ကိုယ်တိုင်လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင် ကထိန်အထမြောက်ပြီး ရဟန်းသံဃာတော်တွေက အလှူကိုယ်တိုင်ခံပြီးမှ ရလာတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်တော့ ကထိန်အထမမြောက်ပါဘူး။ 

"ကထိန် သင်္ကန်း" ဟာ….

( ၁ ) မိုးကျသင်္ကန်း လည်း ဖြစ်ရပါမယ်။

( ၂ ) မသိုးသင်္ကန်း လည်း ဖြစ်ရပါမယ်။

( ၃ ) သံဃိကသင်္ကန်း လည်း ဖြစ်ရပါမယ်။

သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

သင်္ကန်း တစ်ထည်တည်းကပဲ

( ၁ ) " မိုးကျ " ဖြစ်ခြင်း၊

( ၂ ) "မသိုး " ဖြစ်ခြင်း၊

( ၃ ) " သံဃိက " ဖြစ်ခြင်းဆိုတဲ့ ...

အရည်အသွေး( ၃ )မျိုးနဲ့ ပြည့်စုံ ရမယ်လို့ ဆိုလိုတာပါ။

🔰ကထိန်သင်္ကန်းဟာ..

" အတိ ဥက္ကဋ္ဌ = အလွန် မြင့်မြတ်တဲ့ သင်္ကန်း" ဖြစ်ရမယ်တဲ့...။

" အလွန် မြင့်မြတ်တဲ့ သင်္ကန်း" ဆိုတာ တောင်းရမ်းမှု၊ တိုက်တွန်းမှု မပါဘဲ အလိုအလျောက်ရတဲ့ သင်္ကန်းကို ပြောတာပါ။

မိမိဘာသာစိတ်လိုလက်ရလှူဒါန်းချင်တဲ့ သင်္ကန်းဖြစ်ရမည်ဖြစ်ပြီး ရဟန်းသံဃာတော်တွေလည်း အလှူခံခွင့်ကော စကားစခွင့်ကောမရှိရပါဘူး။ 

ဖြည့်စွက်ရမယ်ဆိုရင်တော့ ကထိန် သင်္ကန်းဟာ “ကိုယ်ပိုင် သင်္ကန်း” ဖြစ်ရပါမယ်။ ခေတ္တ ခဏ ငှားယူလာတဲ့ သင်္ကန်း (“အငှား”သင်္ကန်း)နဲ့ ကထိန် ခင်းရင် ကထိန်စစ်စစ် မဖြစ်ပါဘူး။

အမှန်တကယ် ပိုင်ဆိုင်တဲ့ သင်္ကန်း ( ကိုယ်ပိုင် သင်္ကန်း)နဲ့ ကထိန် သင်္ကန်း လှူတဲ့ အခါမျိုးမှာ ကထိန်ခင်းတဲ့ အခိုက်ကလေး ခေတ္တခဏ ငှားတဲ့ သဘောမျိုး မဖြစ်အောင် အထူး သတိပြု ရပါမယ်။

ကထိန်ခင်းခွင့် ရှိတဲ့ ကာလကတော့ ...

" သီတင်းကျွတ် လပြည့်ကျော်( ၁ )ရက်ကနေ တန်ဆောင်မုန်း လပြည့်နေ့ အထိ တစ်လ( ၂၉-ရက် )” ဖြစ်ပါတယ်။ ဒီတစ်လ အတွင်းမှာပဲ ကထိန်သင်္ကန်း လှူခွင့် ရှိပါတယ်။

ဒီတစ်လ အတွင်းမှာ ခင်းမှလည်း “ကထိန်စစ်စစ်” ဖြစ်ပါတယ်။

#gamonepwintofficial

#ဂမုန်းပွင့် #gamonepwint

#တန်ဆောင်တိုင်

1
0

Recent Posts