စိတ်ဖိစီးမှုတွေကို လျှော့ချဖို့

Aug 12, 2026
Lifestyle
စိတ်ဖိစီးမှုတွေကို လျှော့ချဖို့

တစ်ခါတလေကျရင် လူတွေနဲ့လည်း မတွေ့ချင်၊ အလုပ်ကိုလည်း အာရုံစိုက်လို့မရဘဲ ရင်ထဲမှာ မွမ်းကျပ်ပြီး အလိုလိုနေရင်း စိတ်တို၊ စိတ်ညစ်နေတတ်ကြပါတယ်။ အလုပ်တွေ၊ စာတွေ၊ ကုန်ဈေးနှုန်း တွေနဲ့ လူမှုရေးပြဿနာတွေကြားထဲမှာ စိတ်ဖိစီးမှု (Stress) တွေက အသက်ရှူရတာတောင် ခက်ခဲအောင်စေပါတယ်။

 စိတ်ဖိစီးတယ်ဆိုတာ စိတ်ညံ့လို့ မဟုတ်ပါဘူး။ သင့်ဦးနှောက်က ဝန်ပိနေပြီမို့ 'ငါ့ကို ခဏလောက် အနားပေးပါဦး' လို့ အချက်ပြနေတာပါ။ ဒါကြောင့် ပိုက်ဆံလည်း မကုန်ဘဲ စိတ်ဖိစီးမှုလျှော့ချစေမယ့် နည်းလမ်း (၅) ခုကို မျှဝေပေးလိုက်ပါတယ်။

၁.ခေါင်းကိုက်စေမယ့်အရာများ- “မနက်ဖြန် အလုပ်အဆင်ပြေပါ့မလား၊ ငါ ဘာတွေ ဆက်လုပ်ရမလဲ" ဆိုပြီး ကုတင်ပေါ်ရောက်တဲ့အထိ အလုပ်အကြောင်းတွေ တွေးပြီး ပူပန်မနေပါနဲ့တော့။ ခေါင်းထဲမှာ တွေးပူနေတဲ့ သောကတွေ၊ အလုပ်ကိစ္စတွေက သင့်ကိုခေါင်းပိုကိုက်စေပါတယ်။ "အလုပ်ကြီးက သင့်ဘဝတစ်ခုလုံး မဟုတ်ပါဘူး" ဆိုတာကို အမြဲ သတိပြုပါ။

၂. ဆိုရှယ်မီဒီယာကြည့်ခြင်းကို လျှော့ပါ- စိတ်ညစ်နေချိန်မှာ အပန်းဖြေစေရန် ဖုန်းကို ပိုကြည့်မိတတ်ကြပါတယ်။ ဒါပေမဲ့ TikTok သို့မဟုတ် Facebook သုံးနေတာက စိတ်ကို အနားရစေတာ မဟုတ်ဘဲ ဦးနှောက်ကို ပိုပြီး ပင်ပန်းစေပါတယ်။ ညအိပ်ခါနီး (မိနစ် ၃၀) အလိုမှာ ဖုန်းကို အဝေးမှာ ထားပြီး မျက်စိမှိတ်ကာ ငြိမ်ငြိမ်လေး နေပေးတာက စိတ်ဖိစီးမှု ဟော်မုန်းတွေကို အမြန်ဆုံး ကျဆင်းစေပါတယ်။

၃.အဆင်ပြေချင် ယောင်ဆောင်တာ ရပ်လိုက်ပါ- "အဆင်ပြေသွားမှာပါ၊ စိတ်တင်းထားပါ" ဆိုတဲ့ စကားလုံးတွေက ဖိစီးမှုကို ပိုများစေတယ်။ငါ အခု စိတ်ညစ်နေတယ်၊ပင်ပန်းနေတယ်၊အဆင်မပြေဘူး ဆိုပြီး ကိုယ့်ခံစားချက်ကို ကိုယ်တိုင် ရိုးရိုးသားသား အသိမှတ်ပြုပေးလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းအား မပေးတာက စိတ်ဖိစီးမှုတွေကို လျှေ့ာကျသွားတတ်ပါတယ်။

၄.တရားထိုင်ခြင်း- စိတ်ပညာရှင်တွေရဲ့ အဆိုအရ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး အချက်တစ်ခုကတော့"တရားထိုင်ခြင်း" ပါပဲ။ မျက်စိလေးမှိတ်ပြီး ကိုယ့်ရဲ့ ဝင်လေထွက်လေလေးပေါ်မှာပဲ အာရုံစိုက်ပြီး ခေါင်းထဲက အတွေးတွေကို တိတ်ဆိတ်သွားအောင် လုပ်လိုက်တာပါ။ ဒါဟာ ဦးနှောက်ကို အားပြန်သွင်းပေးတဲ့ အစွမ်းထက်ဆုံး ကုထုံးတစ်ခုပဲ ဖြစ်ပါတယ်။

၅.မသေချာတဲ့ မနက်ဖြန်-မနက်ဖြန်ဆိုတာ မသေချာတဲ့အချိန်တစ်ခုပါပဲ။ မရောက်သေးတဲ့ မနက်ဖြန်အတွက် ကြိုပြီး စိတ်ပူနေတာက ဒီနေ့ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးပစ်တာနဲ့ အတူတူပါပဲ။ ဘဝက ရုန်းကန်နေရတာ မှန်ပေမဲ့ ရောက်မလာသေးတဲ့ မနက်ဖြန်အတွက်စိတ်သောက ရောက်မနေပါနဲ့။

 ဒါကြောင့် ကမ္ဘာကြီးက မင်းမရှိလည်း ဆက်လည်ပတ်နေမှာမို့ အရာရာကို မင်းတစ်ယောက်တည်း ပုခုံးထမ်းထားဖို့ မလိုပါဘူး။ အခုပဲ မျက်စိမှိတ်၊ အသက်ပြင်းပြင်းရှူပြီး စိတ်ရှုပ်စရာတွေ အကုန်လုံးကို မေ့ပစ်ကာ ကောင်းကောင်း အိပ်စက်လိုက်ပါ။ အားလုံးပဲ အိပ်မက်လှလှမက်ပါစေ။

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0

Recent Posts