နှုတ်ခမ်းခြောက်တာကို ဘယ်လိုကာကွယ်ကြမလဲ ❗️❓
အခုလိုဆောင်းရာသီမှာဆိုရင် ပိုပြီးကြုံတွေ့ရတဲ့ပြဿနာက နှုတ်ခမ်းတွေခြောက်တာပါပဲ။
နှုတ်ခမ်းအနည်းငယ်ခြောက်တာမျိုးက အရမ်းကြီးကိစ္စမရှိပေမဲ့ တချို့ဆိုရင် သွေးထွက်တာ၊ အရမ်းကိုအပ်ကွဲတာတွေအထိဖြစ်လာရင်တော့ ဂရုစိုက်သင့်ပါပြီ။
နှုတ်ခမ်းခြောက်တာ ဘာကြောင့်ဖြစ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
✨ ဘာကြောင့်ခြောက်တာလဲ?
ရေဓာတ်ချို့တဲ့ခြင်း
ရာသီဥတုအေးခြင်း
အိပ်ရေးမပြည့်ဝခြင်း
ဓာတ်မတည့်သော မျက်နှာသစ်ဆေး ဆပ်ပြာများသုံးခြင်း
နေရောင်ခြည်ထိတွေ့လွန်းခြင်း
🌸 ကာကွယ်ရန်အချက်များ
1️⃣ ရေပုံမှန်သောက်ရန် (နေ့စဉ် အနည်းဆုံး ၈ ခွက်သောက်သင့် )
2️⃣ နေရောင်ဒဏ်ကာ Sunscreen သုံးရန်
3️⃣ Lip Balm အမြဲလိမ်းပါ
4️⃣ အိပ်ရေးဝဝအိပ်ပါ
5️⃣ soft ဖြစ်ပြီး အစိုဓာတ်ပြည့်ဝတဲ့မျက်နှာသစ်ဆေးများသာသုံးပါ
သဘာဝနည်းလမ်းနဲ့ကာကွယ်ချင်ရင်တော့နှုတ်ခမ်းကို ပျားရည် သို့ သံလွင်ဆီလေး လိမ်းတာမျိုးနဲ့ကာကွယ်နိုင်ပါတယ်။
📢 Keep your lips soft and healthy, and smile confidently! 😊