🌊ရေကြီးပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်မည့်သူတွေအနေနဲ့ အရေးကြီးသောအချက်အချို့ကိုမျှဝေလိုက်ပါတယ်
💦ကြီးမားတဲ့ ရေလွှမ်းမိုးမှုကြောင့် ရပ်ရွာနဲ့ နေအိမ်တွေပျက်စီးဆုံးရှုံးသွားကြရပေမယ့် မှန်ကန်တဲ့နည်းလမ်း အဆင့်ဆင့်နဲ့သာဆိုရင် ပြန်လည်ထူထောင်ရေးများကို အတူတကွ ပြုလုပ်နိုင်မှာမလွဲပါပဲ။ 
 
👓ဒီနေ့မှာတော့ ပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့ အဆင့်ဆင့်နဲ့ လိုအပ်ပစ္စည်းတွေကို မျှဝေပေးသွားမှာဖြစ်လို့ အဆုံးထိဖတ်ကြည့်လိုက်ရအောင်ပါ။ 
 
📌အကြောင်းကြားချက်ကိုစောင့်ပါ။ 
 
မိမိရပ်ရွာရှိ ရွာသားများနှင့် အတူနေမိတ်ဆွေများဆီမှ ဘေးကင်းလုံခြုံပြီဖြစ်ကြောင်းနဲ့ မိမိနေအိမ်သို့ ပြန်နိုင်ပြီဖြစ်ကြောင်း အကြောင်းမကြားမချင်း အိမ်သို့မပြန်ပါနဲ့။ အမှန်တကယ်ဘေးကင်းလုံခြုံတာ သေချာမှအိမ်သို့ပြန်ပါ။ 
 
📌အန္တရာယ်ရှိမရှိ စစ်ဆေးမှုပြုလုပ်ပါ။ 
 
အိမ်သို့မဝင်ခင်မှာလည်း အဆောက်အဦးကပျက်စီးထိခိုက်မှုရှိမရှိနဲ့ လျှပ်စစ်အန္တရာယ်၊ အဆိပ်ရှိသော အကောင်များ၏အန္တရာယ်ရှိမရှိကိုပါ သေချာစွာစစ်ဆေးပြီးမှ အိမ်ထဲသို့ဝင်ပါ။ 
 
📌အကာအကွယ်တွေ ဝတ်ဆင်ပါ။ 
 
ညစ်ညမ်းတဲ့ရေတွေနဲ့ ပျက်စီးမှုတွေကနေ မိမိကိုယ်ကိုကာကွယ်ဖို့ရန်အတွက် လက်အိတ်၊ဘွတ်ဖိနပ်များနှင့် mask များတပ်ဆင်တာမျိုးကိုပြုလုပ်ပြီးမှ အိမ်ထဲသို့ဝင်ပါ။ ဒါကြောင့် အထက်ပါပစ္စည်းတွေကို လိုအပ်ပါလိမ့်မယ်။
 
📌ကျန်းမာရေးအတွက် အထူးဂရုစိုက်ပါ။
 
သောက်ရေများ သောက်တဲ့အခါ ဝမ်းရောဂါမဖြစ်စေရန်အတွက် ကြိုချက်သောက်သုံးတာနဲ့ ရေသန့်ကိုသာအသုံးပြုဖို့လည်းလိုအပ်ပါတယ်။ 
 
📌ခြောက်သွေ့အောင်ပြုလုပ်ပါ။
 
ပျက်စီးမှုအပြင် ရွှံ့၊နုံးတို့ဖြင့် ရေစိုသွားသော နေရာများကိုလည်း ဆေးကြောသန့်စင်ပြီး အခြောက်ခံတာမျိုးတွေကို လျှင်မြန်စွာပြုလုပ်ဖို့လည်းလိုပါတယ်။
📌ညစ်ပေနေသောပစ္စည်းများအား ဖယ်ထုတ်ပါ။ 
 
ရေထဲတွင်အကြာကြီးစိမ်ခံထားရတဲ့ ပစ္စည်းအချို့ကို ဘက်တီးရီးယားပေါက်ပွားမှုမရှိစေရန်အတွက် အမြန်ဆုံးဖယ်ရှား လွှင့်ပစ်ဖို့လိုပါတယ်။
 
📌ပိုးသတ်ပါ။
 
ဘက်တီးရီးယားပိုးမွှားများ မပေါက်ပွားစေနိုင်ရန်အတွက် ကြမ်းပြင်ရဲ့မျက်နှာပြင်အားလုံးကို ပိုးသတ်ဆေးများဖြင့် ဆေးကြောသန့်စင်ပေးဖို့လည်းလိုအပ်ပါတယ်။ 
 
📌အချင်းချင်းအားပေးစကားပြောကြားပါ။ 
 
ရေးလွှမ်းမိုးမှုကြောင့် စိတ်ထိခိုက်ခံစားနေရသော မိသားစုဝင်များကို အားပေးစကားပြောပါ။ အိမ်နီးချင်းများနှင့်လည်း အဆက်အသွယ်မပျက်ပဲ အချင်းချင်းရိုင်းပင်းကူညီကြပါ။ 
 
📌အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်မှုများ တက်နိုင်သမျှပြုလုပ်ထားကြပါ။ 
 
နောင်တွင် ရေကြီးမှုဖြစ်တဲ့အခါမှာ အန္တရာယ်မရှိနိုင်ဖို့အတွက် အထပ်မြင့်များဖြစ်အောင်မြှင့်တင်တာနဲ့ ပိုမိုကြံ့ခိုင်တဲ့ အဆောက်အဦးများဖြစ်အောင်ပြုလုပ်ထားနိုင်သမျှပြုလုပ်ထားပါ။ ရေကြီးတာမျိုးဖြစ်တဲ့အခါမှာလည်း အရေးကြီးစာရွက်စာတမ်းတွေကိုအလွယ်တကူ သယ်ယူနိုင်အောင်သိမ်းဆည်းထားရမည့်အပြင် လိုအပ်နိုင်တဲ့ကိရိယာများကို ကြိုတင်စုဆောင်းထားပါ။ 
 
📌သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများပြုလုပ်ပါ။ 
 
ရေစုပ်ယူနိုင်သော အပင်များစိုက်မျိုးတာနှင့် သဘာဝအလျောက်ပေါက်နေသောအပင်များကို ခုတ်လှဲခြင်းများမပြုလုပ်ဖို့လည်းလိုအပ်တဲ့အပြင် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်လိုအပ်ပါတယ်။ 
 
အနှစ်ချုပ်အနေနဲ့ ရေကြီးပြီးနောက်ပြန်လည်ထူထောင်ရေးပြုလုပ်တာဟာ ထင်သလောက်မလွယ်ကူပဲ အချိန်၊အင်အားနဲ့ ငွေလိုအပ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့ အားလုံးအတူတူပြန်လည်ထူထောင်နိုင်မှာပါ။ မြန်မာနိုင်ငံသားများအားလုံး သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းမှ အလျှင်အမြန်ကျော်လွှားနိုင်ကြပါစေကြောင်းဂမုန်းပွင့်မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊၊🙏🙏🙏