သင်ဟာ အသားခြောက်တတ်တဲ့သူမျိုးလား ⁉️
အသားခြောက်တတ်တဲ့သူတွေအတွက် ဆောင်းရာသီမှာအသားခြောက်တာကို ဘယ်လိုကာကွယ်ကြမလဲဆိုတာကို မင်မင်နဲ့အတူတူဖတ်ကြည့်ရအောင် ❄
ဆောင်းရာသီမှာဆိုရင် အသားခြောက်တတ်တဲ့သူတွေဟာ ပိုပြီးတော့သိသိသာသာကို အသားခြောက်လာသလို တချို့ဆိုရင်အသားအရေ ပပ်ကြားအပ်လာတာတွေ ယားယံတာတွေအထိဖြစ်လာကြတာများပါတယ်။
❄အမြဲသတိပေးနေကြလိုပဲ အဓိကကတော့ ရေသောက်ဖို့ပါပဲ။ ချမ်းတဲ့အခါမှာ များသောအားဖြင့် ရေနွေးကဲ့သို့အပူတွေကို အသောက်များလာကြတာမို့ ရေဓာတ်လုံလုံလောက်လောက်မရတဲ့အခါမှာ အသားခြောက်တာက ပိုပြီးဆိုးဝါးလာစေပါတယ်။ 🍊🍉ရေအပြင်ကို အရေရွှမ်းတဲ့ အသီးတွေစားပေးတာကိုလည်းပြုလုပ်သင့်ပါတယ်။
❄အသားအရေရေဓာတ်ပြည့်ဝဖို့ အစိုဓာတ်ဖြည့်ပေးတဲ့ ခရင်မ်မျိုးတွေလိမ်းတာနဲ့ Lotion ပုံမှန်လိမ်းပေးတာမျိုးကိုလည်းပြုလုပ်သင့်ပါတယ်။
❄မျက်နှာသစ်တဲ့အခါမှာလည်း Vitamin E ပါဝင်မှုများတဲ့ မျက်နှာသစ်ဆေးမျိုးကိုအသုံးပြုပေးတာ ဒါမှမဟုတ် တစ်ပတ်ကိုတစ်ခါ နွားနို့နဲ့မျက်နှာသစ်ပေးတာမျိုးကိုလည်းပြုလုပ်ပေးသင့်ပါတယ်။ နွားနို့နဲ့ မျက်နှာသစ်ပေးခြင်းဟာ အသားအရေကို ဖြူဝင်းစေရုံတင်မကဘူး အစိုဓာတ်ကိုလည်းထိန်းပေးတာမို့ အသားခြောက်သူတို့ ပြုလုပ်ပေးသင့်တဲအရာလည်းဖြစ်ပါတယ်။
❄ဆောင်းရာသီမှာလည်းနေပူထဲထွက်တဲ့အခါမျိုးမှာ SPF များများပါတဲ့ အောက်ခံခရင်မ်မျိုးကို လိမ်းဖို့လိုအပ်ပါတယ်။
❄ဆောင်းရာသီမှာ ချမ်းလို့ဆိုပြီးရေမချိုးတာမျိုးမလုပ်ပဲ မနက်စောစောထပြီးသွေးပူအောင်လေ့ကျင့်ခန်းလေးလုပ်ပြီး ရေချိုးသင့်ပါတယ်။ ရေနွေးနဲ့ရေချိုးတာမျိုးက အသားခြောက်စေတာမို့တက်နိုင်သလောက်ရှောင်ဖို့ကိုလည်း ပြောချင်ပါတယ်။
❄အသားအရမ်းခြောက်တဲ့အခါ ခြေသလုံးနဲ့အရေပြားတွေမှာ ငါးအကြေးခွံလိုဖြစ်တာမျိုးတွေ အသားတွေပပ်ကြားအပ် ယားယံပြီး ခြောက်သွေ့တာမျိုးတွေဖြစ်လာခဲ့ရင် သံလွင်ဆီ၊ အုန်းဆီ အစရှိတာတွေကိုလိမ်းပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
ဒါဆိုရင်အခုပြောပြခဲ့တဲ့အချက်လေးတွေကို ဂရုစိုက်ပြီး ပြုလုပ်ကြည့်ရင်ဆောင်းတွင်းအသားခြောက်တာကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ✨