နေ့စဉ်ဘဝမှာ မိမိကိုယ်ကို ခရမ်းလွန်ရောင်ခြည်မှ
ကာကွယ်ရန် အရေးကြီးကြောင်း မကြာခဏကြားနေရပါတယ်။
ခရမ်းလွန်ရောင်ခြည်သည် နေမှထုတ်လွှတ်သော လျှပ်စစ်သံလိုက်ဓာတ်တစ်မျိုးဖြစ်ပြီးUVA
၊ UVB နှင့် UVC ဟူ၍ သုံးမျိုးရှိပါသည်။
ခရမ်းလွန်ရောင်ခြည် လွန်ကဲစွာ ထိတွေ့ခြင်းသည်
နေလောင်ခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ မျက်စိပျက်စီးခြင်းနှင့်
အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ တိုးလာခြင်းတို့ အပါအဝင် ကျန်းမာရေးဆိုင်ရာ
ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
> အပြင်ထွက်တဲ့အခါ SPF မြင့်တဲ့ နေရောင်ကာခရင်မ်ကိုလိမ်းပြီး
UVA နှင့် UVB ရောင်ခြည်များ၏ ထိခိုက်မှုဒဏ်မှ သင့်မျက်လုံးကို ကာကွယ်ရန် UV အကာအကွယ်ပေးသည့်
နေကာမျက်မှန်ကို ရွေးချယ်ပါ။
> ခရမ်းလွန်ရောင်ခြည် အပြင်းထန်ဆုံးဖြစ်သော
နံနက် (၁၀)နာရီမှ ညနေ (၄) နာရီအတွင်း အတတ်နိုင်ဆုံးအရိပ်ထဲမှာနေပါ၊၊
> ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှု
အနည်းဆုံးဖြစ်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်များ၊ထီး ကဲ့သို့သော
အကာအကွယ်အ၀တ်အစားများ ဝတ်ဆင်ပါ။
> ခရမ်းလွန်ရောင်ခြည်၏သက်ရောက်မှုကို
ပိုခံစားရမည့် ရောင်ပြန်ဟပ်သောမျက်နှာပြင်များကို သတိထားပါ။
* ခရမ်းလွန်ရောင်ခြည်၏ သက်ရောက်မှုများကို
နားလည်ပြီး မိမိကိုယ်ကို အတတ်နိုင်ဆုံးကာကွယ်ပါက နေနှင့်ဆက်စပ်သော
ကျန်းမာရေးပြဿနာများကို လျော့နည်းစေပြီး နေရောင်ကို ဘေးကင်းစွာ
ခံစားနိုင်မည်ဖြစ်သည်။ ဒါကြောင့် နောက်တစ်ကြိမ် သူငယ်ချင်းတို့ အပြင်ထွက်တဲ့အခါ
ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ အကာအကွယ်ယူပြီး နေရောင်ခြည်ရဲ့ အလှထဲမှ
တစ်နေ့တာလှုပ်ရှားမှုလေးကိုစတင်လိုက်တော့နော်….