နောင်ချိုတိမ်ပင်လယ်ဆီကို ❞?? ???? ????? ??????❞ နဲ့ တူတူသွားလည်ကြည့်ကြရအောင်⛺☁️
မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် နောင်ချိုကြီး ကျေးရွာအနီးမှာလျှို့ဝှက်ဆန်းကြယ်ပြီး အလွန်လှပတဲ့အပြင်၊ လူသိနည်းတဲ့နေရာတစ်ခုရှိပါတယ်။အဲ့တာကတော့ နောင်ချို တိမ်ပင်လယ်အပန်းဖြေစခန်း ပဲဖြစ်ပါတယ်ရှင်။
၂၀၁၈ခုနှစ်လောက်ကစတင်ပြီးနောင်ချိုတိမ်ပင်လယ်အပန်းဖြေစခန်းကမြန်မာ့လူမှုကွန်ရက်(social media platform)များမှာရုတ်တရက်ရေပန်းစားလာခဲ့ပြီးဆောင်းရာသီလောက်ရောက်တိုင်း (အောက်တိုဘာလမှလာမည့်နှစ်ဖေဖော်ဝါရီလအထိ)အပန်းဖြေခရီးလာကြသောခရီးသွားများနှင့်စဉ်ဆက်မပြတ် စည်ကားများပြားပြီးတဖြည်းဖြည်းမြန်မာနိုင်ငံတွင်ရေပန်းစားသောနေရာတစ်ခုဖြစ်လာပါသည်။
တိမ်ပင်လယ်အပန်းဖြေစခန်းသည် ပေ ၃၀၀၀ ကျော်(မီတာ ၁၀၀၀ လောက်) မြင့်တဲ့တောင်ပေါ်တွင် တည်ရှိပြီးမိုးလင်းချိန်နံနက်စောစောဆိုရင်နွေးထွေးတဲ့နေရောင်ခြည်လေးကတိမ်တိုက်များမှတစ်ဆင့် မြေပြင်၏နေရာတိုင်းကိုလင်းလက်တောက်ပသွားစေပြီးကြည့်ရအရမ်းကိုလှပပါတယ်။တောင်ပေါ်မှာရပ်ပြီး တိမ်လွှာများကိုငုံ့ကြည့်လိုက်တဲ့အခါမှာလည်းပင်လယ်ကမ်းစပ်မှာရပ်နေသကဲ့သို့ဖြစ်ပြီးအဆုံးမရှိတဲ့တိမ်လွှာရှုခင်းများကိုခံစားကြည့်ပါကနတ်ပြည်ကဲ့သို့လည်းလှပပြည့်စုံနေပါတယ်။မွန်းကျပ်လှသောမြို့ပြလူနေမှုနေခနတာရုန်းထွက်ဖို့ကောင်းတဲ့နေရာတစ်ခုဆိုလည်းမမှားပါဘူး…
ရေပန်းစားနေတဲ့တိမ်ပင်လယ်စခန်းများအပြင်နောင်ချိုတွင်ကမ္ဘာကျော် ဂုတ်ထိပ်တံတားရှိရုံသာမက ဓာတ်တော်လိုဏ်ဂူ၊ နောင်လုံကန်၊ ဘန့်ဘွေးကျင်းရေတံခွန်၊ ရေပျံကြီးရေတံခွန်ကဲ့သို့သော လူသိနည်းသော ရှုခင်းသာယာ နေရာများကိုလည်း ရှိပါသေးတယ်။
“ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလမှာတော့တိမ်ပင်လယ်ကို လာလည်ကြတဲ့ ခရီးသွားတွေအရမ်းများတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ကျွန်တော်တို့ရွာမှာတိမ်ပင်လယ်စခန်းကငါးခုလောက်ပဲရှိတာကြောင့်တည်းခိုဖို့လိုအပ်တဲ့ခရီးသွားတွေကတစ်ပတ်လောက်ကတည်းကကြိုတင်စာရင်းပေးမှပိုအဆင်ပြေနိုင်တယ်”ဟုနောင်ချိုကြီးကျေးရွာရှိတိမ်ပင်လယ်စခန်းမှဝန်ထမ်းဖြစ်သူ ကိုကျော်က ဆိုသည်။
source from google*
Follow our facebook page for more info: facebook.com.GaMonePwintOnline
our customer service phone numbers:
+959444442155 , +959444442166
Download our app on both PLAY STORE and APPLE STORE! ^^