ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ ??

May 21, 2024
နေ့ထူးနေ့မြတ်
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ ??

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ ??

နှစ်စဉ်နှစ်တိုင်းကျင်းပနေကြဖြစ်တဲ့ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာနေ့ထူး နေ့မြတ်လေးဖြစ်တဲ့ ကဆုန်လပြည့်နေ့ကို ဘာကြောင့်ကျင်းပရတာလဲ။

ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့လည်း ခေါ်တွင်ကြပါတယ်။ ဂေါတမမြတ်စွာဘုရားဟာ ဘုရားအဖြစ်သို့ ရောက်ရှိရန် ဗျာဒိတ်တော်ခံယူခဲ့သောနေ့၊ ဖွားမြင်ခဲ့သောနေ့၊ ဘုရားအဖြစ်သို့ရောက်ရှိသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသော နေ့တွေဟာလည်း ကဆုန်လပြည့်နေ့တွေမှာသာ ဖြစ်ပျက်ခဲ့တာကြောင့် "ဆု-ဖွား-ပွင့်-စံ ဤလေးတန် မှတ်ရန်ကဆုန်လ" လို့ ရှေးလူကြီးများက ဆုံးမခဲ့ကြတာဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ရောက်ပြီဆိုရင် လူအများပြုလုပ်ကြတာကတော့ ညောင်ရေသွန်းတာပါပဲ။ ငယ်ငယ်ကသင်ခဲ့ရတဲ့ (၁၂) လရာသီတွေထဲက “ကဆုန်လ ညောင်ရေသွန်းပွဲ” ဆိုပြီးတော့ သင်ခဲ့ရတာမှတ်မိကြမယ် ထင်ပါတယ်။ ကဆုန်လဟာ အရမ်းကိုပူပြင်းလှတဲ့ နွေရာသီဖြစ်တာကြောင့်လည်း မြန်မာ့ထုံးတမ်းအစဉ်အလာမှာ  ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း ဓလေ့ကို ယခုချိန်ထိ ကျင့်သုံးနေကြတာလည်းဖြစ်ပါတယ်။ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ဟာ ပရိတ်ရွတ်ဖတ်ခြင်း၊ ညောင်ရေသွန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ အလှူဒါန ပြုခြင်းတို့ကိုလည်း ပြုလုပ်ကြတာမို့ မွန်မြတ်တဲ့နေ့ရက်လေးလည်း ဖြစ်ပါတယ်။ ဘုရားတွေကို သွားမယ်ဆိုရင်လည်း အအေး၊ မုန့် စတဲ့ စတုဒီသာတွေ လှူဒါန်းနေကြတာကိုလည်း ကြည်နူးစရာ တွေ့ရတာမို့ သာဓုခေါ်စရာလည်းကောင်းပါတယ်။

မနက်ဖြန်ဟာဆိုရင် ကဆုန်လပြည့်လည်းဖြစ်တာကြောင့် အားလုံးပဲကုသိုလ်ကောင်းမှုများ ယူနိုင်ကြပါစေ။?

5
0

Recent Posts