ကျန်းမာပြီး သန်မာသော လက်သည်းလေးတွေဖြစ်အောင် ဒီလိုဂရုစိုက်ကြမယ် 💅🏻
ကျန်းမာရေးနဲ့ညီညွတ်တဲ့ လက်သည်းလေးတွေရအောင်ထိန်းသိမ်းတာကလည်း တစ်ကိုယ်ရည်သန့်ရှင်းမှု အသွင်အပြင်မှာ အရေးပါတယ့် အချက်လည်းဖြစ်ပါတယ်။🙋
မင်မင့် အမျိုးသမီးလေးတို့ လက်သည်းလေးတွေ ရေဓာတ်ပြည့်ပြီး စိုပြေလှပြ ကြည်လင်နေစေဖို့ မင်မင်က ဂရုစိုက်ရမယ့် အချက်လေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
💅🏻ပုံမှန်အစိုဓာတ်ထိန်းပေးပါ။
ရေဓာတ်ပြည့်ဝတဲ့ လက်သည်းလေးတွေက လက်သည်းကွဲအက်တာ ကျိုးပဲ့တာတွေ ဖြစ်နိုင်ချေနည်းစေပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းပြီး အာဟာရဖြစ်တယ့် လက်သည်းလေးတွေပိုင်ဆိုင်နိုင်ဖို့အတွက် လက်ခရင်မ် လေးတွေကိုလိမ်းပေးပါ။
💅🏻ဓာတုပစ္စည်းတွေလျော့ချပါ
ပြင်းထန်စေတဲ့ လက်သည်းဖျက်ဆေးတို့ကို အသုံးပြုတာကို တက်နိုင်သလောက်ရှောင်တာကလည်း လက်သည်းကို ပိုမိုကြည်လင်စေမှာပါ။
💅🏻ရေဓာတ်ပြည့်ဝစွာနေပြီး ကောင်းစွာစားပါ
ရေလုံလောက်စွာသောက်ပြီး ဗီတာမင်စီနှင့် ဘိုင်အိုတင်ဓာတ်ကြွယ်ဝသော မျှတသောအစားအစာကို စားသုံးခြင်းဖြင့် လက်သည်းသန်မာမှုနှင့် ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပါသည်။
ဒါဆိုရင် မိမိလက်သည်းလေးတွေကိုပိုပြီးဂရုစိုက်လိုက်ရအောင်နော်။