ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးများ ☕
ကော်ဖီချစ်သူလေးတွေ တစ်နေ့တာမှာကော်ဖီမပါပဲ ဖြတ်သန်းတဲ့အခါမှာ တစ်ခုခုပဲလိုအပ်နေသလို စိတ်နွမ်းနယ်နေသလိုဖြစ်ကြတယ်မလား။ ဒီနေ့မင်မင်က ကော်ဖီချစ်သူလေးတွေအတွက် ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုးအချို့ကို ဖော်ပြပေးမှာမို့ ဆက်ဖတ်ကြည့်ရအောင်။
နေ့စဉ်သောက်သုံးနေတဲ့ ကော်ဖီမှာဆိုရင် ကဖင်းဓာတ်အပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant ဓာတ်တွေနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းရောင်ရမ်းတာကို သက်သာစေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။
ဒါအပြင် ကော်ဖီဟာ မှတ်ဉာဏ်မေ့လွယ်တဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးရောဂါအချို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါဆိုမင်မင်နဲ့အတူ ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူး (၆) ချက်ကို ကြည့်လိုက်ရအောင်
(၁) ကော်ဖီခါးခါးသောက်သုံးခြင်းဟာ ကင်ဆာနှင့်အကျိတ်ဖြစ်ပွားခြင်းများကို လျော့ချပေးတယ်။
(၂) ကော်ဖီသောက်သုံးတဲ့ အမျိုးသမီးတွေက အသက်ပိုရှည်တယ်လို့လည်း လေ့လာသူတွေကပြောကြပါတယ်။.နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ရောဂါများကြောင့် သေဆုံးမှုကို ကော်ဖီသောက်သုံးတဲ့လူတွေအဖြစ်နည်းပါတယ်။
(၃) နှလုံးအားနည်းတဲ့ ရောဂါတွေနဲ့ နှလုံးကြောင့်အသက်ဆုံးရှုံးခြင်းဖြစ်တာတွေကို ကော်ဖီသောက်တဲ့လူတွေမှာ အဖြစ်နည်းပါတယ်။
(၄) အသည်းကိုလည်း ကျန်းမာစေပြီး လေဖြတ်တာကိုလည်း ကာကွယ်ပေးပါတယ်။
(၅) အသက် (၆၅) နှစ်နဲ့အထက် အမျိုးသမီးတွေမှာ တစ်နေ့ကို ကော်ဖီ (၂-၃) ခွက်သောက်သုံးခြင်းဟာ စိတ်ကစဉ့်ကလျားဖြစ်နှုန်း နည်းစေတာတွေ့ရပါတယ်။
(၆) ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုပြီး လန်းဆန်းတက်ကြွစေပါတယ်။
ဒါပေမယ့် အချိုဓာတ်လွန်ကဲတဲ့ ကော်ဖီတွေကိုတော့ များများမသောက်ဖို့ သတိပေးပါရစေ။
ဒါတွေတင်မကပဲ ကော်ဖီအလွန်အကျွံသောက်သုံးတဲ့အခါ နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားမြင့်လာတာ၊ စိတ်လှုပ်ရှားတာနဲ့ အိပ်မပျော်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
တစ်နေ့မှာ ကဖင်းဓာတ်အားဖြင့် ၄၀၀ မီလီဂရမ်ခန့်မျှသာသောက်သုံးဖို့အကြံပြုပါရစေ။
#gamonepwintofficial #ဂမုန်းပွင့် #gamonepwintonline #shoppingmall
#coffee #ကော်ဖီ