ကိုယ့်ရဲ့ Skin type ကို ဘယ်လိုကောင်းအောင်လုပ်မလဲ?

May 09, 2024
Beauty
ကိုယ့်ရဲ့ Skin type ကို ဘယ်လိုကောင်းအောင်လုပ်မလဲ?

ကိုယ့်ရဲ့ Skin type ကဘယ်လိုပဲဖြစ်နေပါစေ အနာဂါတ်မှာ အသားအရေပိုကောင်းလာဖို့ ဝက်ခြံထွက်တာ၊အမာရွတ်တွေ ကျန်တာ နဲ့ အမဲစက်တွေ ကျန်နေတာကို လျော့ချနိုင်ဖို့ဆိုတာ skin care ကို သေချာစွာလုပ်ဖို့လိုအပ်ပါတယ်။ 

ကိုယ်ကဘယ်လို Skin type မျိုးလဲ။ ဥပမာ အဆီပြန်တဲ့ အသားအရည်လား? ခြောက်တဲ့အသားအရည်လား ?သာမန်အသားအရည်လား? ပေါင်းစပ်အသားအရည်လား? 

ဒီလိုသိထားမှ ကိုယ်က skin care လုပ်တဲ့အခါမှာ ကိုယ်နဲ့တည့်မယ့် Skin care ပစ္စည်းများကို မှန်မှန်ကန်ကန်ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

ဒါဆိုရင်တော့ မင်မင်ကအခု အခြေခံ Skincare Routine လေးကိုပြောပြပေးပါ့မယ်။

Step 1: Cleanse(မျက်နှာသစ်တဲ့အပိုင်းကိုတော့ လုံးဝဖယ်ထားလို့မရပါဘူး)

Step 2: Tone(အသားအရည် အစိုဓာတ်လေးပြည့်ဝပြီး ချွေးပေါက်ကျဉ်းစေဖို့ တိုနာ)

Step 3: Serum (အမဲစက်ကင်းလှပဖို့)

Step 4: Moisturize.(အစိုဓာတ်လေးပြည့်ဝဖို့)

ဒီလိုအဆင့်မကျော်ပဲ မှန်မှန်ကန်ကန်နဲ့သာ အသားအရည်ထိန်းသိမ်းပေးမယ်ဆိုရင် အရွယ်တင်နုပျိုစေမှာပါ ချစ်တို့ရေ။ 


1
0

Recent Posts