ခြင်အန္တရာယ်ကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ?

Jun 14, 2024
Healthy
ခြင်အန္တရာယ်ကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ?

ခြင်အန္တရာယ်ကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ?

မိုးရာသီဖြစ်တဲ့အတွက် တော်ရုံခြင်မကိုက်တဲ့နေရာတွေမှာတောင် ခြင်တွေအများကြီး ပိုပြီးထွက်လာတက်ပါတယ်။ 

ခြင်ကြောင့်ပြင်းထန်တဲ့ သွေးလွန်တုတ်ကွေး၊ငှက်ဖျားနဲ့ဆင်ခြေထောက်ရောဂါ အစရှိတာတွေ မဖြစ်စေဖို့အတွက် အစကတည်းကကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ 

ခြင်ကိုက်မခံရဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း ဂရုတစိုက်နေထိုင်တတ်ဖို့လိုအပ်ပါတယ်။ ခြင်တွေထွက်တာများတဲ့ ညနေခင်းတွေမှာ အပြင်ထွက်ထိုင်တာမျိုးအမှောင်ထဲနေတာမျိုး တွေရှောင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ထဲနေတဲ့အခါ ခြင်ဆေးခွေထွန်းတာ ခြင်ပြေးတဲ့ Spray တွေဖြန်းတာတွေ ခြင်ဆေးလိမ်းတာတွေ ပြုလုပ်ရမဲ့အပြင်ကို  ခြင်စုရုံးတက်တဲ့ အဝတ်တွေစုပုံထားတာတွေကို ရှောင်ပေးရပါမယ်။ 

ရေဝပ်နိုင်တဲ့ နေရာတွေရှိရင် သွန်ပါ ရေတွေလှယ်ပါ ရှင်းလင်းပါ။ ခြင်ပေါက်ပွားစေတဲ့ မြောင်းတွေကို ရှင်းလင်းဖယ်ရှားပေးပါ။ 

အိမ်ရဲ့ ပြတင်းပေါက်နဲ့ တံခါးပေါက်တွေမှာ ခြင်လုံဇကာတွေထားပေးပါ။ ခြင်ကိုက်မခံရအောင် ဖြစ်နိုင်လျှင် ခြင်ထောင်ထဲနေပါ။

ခြင်ဆေးအနံ့မကြိုက်သူတွေကတော့ မိမိနေထိုင်တဲ့ပတ်ဝန်းကျင်မှာ လျှပ်စစ်ပန်ကာကိုဖွင့် ထားပေးခြင်းအားဖြင့်လည်း ခြင်ကိုက်ခြင်းကနေသက်သာစေနိုင်ပါတယ်။ 

အင်္ကျီလက်ရှည် ဘောင်းဘီရှည်တွေကိုဝတ်ဆင်ပြီး နေတာကလည်း ခြင်ကိုက်တာကိုသက်သာစေပါတယ်။

အဓိကအနေနဲ့ ခြင်အောင်းနိုင်တဲ့ ချုံနဲ့မြက်တွေကိုရှင်းလင်းရမှာဖြစ်ပြီး မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးမှသာ ခြင်အန္တရာယ်ကင်းဝေးပြီး ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။ 

5
0

Recent Posts