မိုးတွင်းမှာ အဝတ်တွေမှိုနံ့ကင်းစေဖို့ ဘယ်လိုလုပ်ကြမလဲ⁉️

Jun 18, 2024
Lifestyle
မိုးတွင်းမှာ အဝတ်တွေမှိုနံ့ကင်းစေဖို့ ဘယ်လိုလုပ်ကြမလဲ⁉️

မိုးတွင်းမှာ အဝတ်တွေမှိုနံ့ကင်းစေဖို့ ဘယ်လိုလုပ်ကြမလဲ⁉️

မိုးရာသီဆိုတာ လေထုစိုစိုင်းနေတာမို့ အင်မတန်ကို အဝတ်အထည်တွေ လှန်းရတာခက်ကခဲပြီး ခြောက်ဖို့ခက်တဲ့ကာလဖြစ်တာမို့ သေချာနေရောင်နဲ့ မထိရသေးတဲ့ အဝတ်တွေဆို အောင့်သက်သက်နဲ့ မှိုနံ့တွေကပ်ညိနေတက်ပါတယ်။ 

🤍ဒါဆို မှိုနံ့တွေကင်းစေဖို့ ဒီလိုလေးတွေလုပ်ကြည့်နော်။ 

  • မိုးရာသီမှာ မိုးရေထိလာတဲ့အဝတ်တွေဆိုရင် ကြာကြာမထားပဲ ချက်ချင်းလျှော်ပစ်တာက မှိုနံ့ကပ်ညိနေတာကို ကာကွယ်နိုင်တဲ့အပြင် သေချာစွာပွတ်တိုက်လျှော်ပေးဖို့လိုပါတယ်။ ဒါ့အပြင် အနံ့တအားမပြင်းတဲ့ အမွှေးဆီမျိုးကို မိုးတွင်းအဝတ်လျှော်တဲ့အခါမှာ သေချာလေးသုံးပေးဖို့တော့လိုအပ်ပါမယ်။ 
  • အဝတ်တွေကို မီးပူတိုက်ပြီးခေါက်ပြီးတဲ့အခါမှာလဲ ပရုပ်လုံးတွေထည့်ပြီးသေချာစွာ သိမ်းဆည်းပေးခြင်းက သင့်အင်္ကျီမှာရှိတဲ့မှိုနံ့တွေကို စုပ်ယူစေနိုင်မှာပါ။ 
  • နေရောင်ခြည်ရရှိတဲ့နေ့တွေမှာ တက်နိုင်သလောက်အဝတ်အထည်တွေကို နေသေချာလှန်းပေးပါ။ 
  • အဝတ်အစားတွေကို ခြောက်မှမီးပူတိုက်ပါ။ မခြောက်ပဲတိုက်ပါက အနံ့ဆိုးတွေကိုပိုပြီးဖြစ်စေပါတယ်။ 
  • ရှာလကာရည်ကို အသုံးပြုပြီး အဝတ်တွေလျှော်ပါ။ အဝတ်တွေမလျှော်ခင်မှာ ရှာလကာရည်နဲ့ စိမ်ထားပြီးမှ လျှော်ဖွတ်ခြင်းက အနံ့ဆိုးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ 

ဒါဆိုရင်အနံ့ဆိုးတွေမထွက်အောင် အခုလိုလေးတွေလုပ်ကြစို့နော်။ 

2
0

Recent Posts