မုန်တိုင်းအန္တရာယ် ကိုဘယ်လို ကြိုတင်ကာကွယ်ကြမလဲ

May 13, 2024
ကြိုတင်ကာကွယ်ခြင်း
မုန်တိုင်းအန္တရာယ် ကိုဘယ်လို ကြိုတင်ကာကွယ်ကြမလဲ
မုန်တိုင်းအန္တရာယ် ကိုဘယ်လို ကြိုတင်ကာကွယ်ကြမလဲ ❗️⛈
⛈မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်။
?ရေဒီယို (သို့) မိုးလေးဝသသတင်းများကို အမြဲတစေ နားထောင်နေပါ။
?အိမ်အနီး ကျိုးကျနိုင်သော အန္တရယ်ရှိနိုင်သော သစ်ပင်များကို ကြိုတင်ခုတ်ထားပါ။ \
?မိမိအိမ်ကို ခိုင်ခံ့အောင် ကြိုတင်ပြင်ဆင်ထားပါ။
⛈မုန်တိုင်းသတိပေးချက်ရလျှင်။
?ရေကြောင်းခရီးများမသွားရ။ ငါးဖမ်းမထွက်ရ။
?ရေဘူး၊လက်နှိပ်ဓာတ်မီး၊ဆေးဝါနှင့်မိုးကာများကို အသင့်ပြင်ဆင်ထားပါ။
?အရေးကြီးစာရွက် စာတမ်းများကို ရေစိုခံအိတ်ထဲသို့ထည့်ပြီး လုံခြုံသည့်နေရာတွင် သိမ်းထားပါ။
?မြေနိမ့်ပိုင်းတွင်နေပါက ကုန်းမြင့်ဘက်သို့ ရွှေ့ပြောင်းပေးပါ။
?ထိခိုက်လွယ်သော ကျွဲနွားနဲ့ တိရစ္ဆာန်တွေကို ကင်းလွတ်ရာသို့ရွေ့ပြောင်းပေးပါ။
⛈မုန်တိုင်းတိုက်ခတ်ချိန်တွင်။
?မိမိခိုလှုံရာနေရာမှ အပြင်မထွက်ရန်။
?အရေးပေါ် အသက်ကယ်ပစ္စည်းများကို စုဆောင်းထားရန်။
?ရေဒီယို သတင်းများအား အဆင်မပျက်နားထောင်ရန်။
⛈မုန်တိုင်းတိုက်ခတ်ပြီးနောက်။
?စိတ်ချရသော သတင်းအချက်အလက်ရရှိမှသာ အိမ်သို့ပြန်ပါ။
?ပြိုကျပျက်စီးနိုင်သော အဆောက်အအုံနှင့် အပင်တွေကိုအမြန်ဆုံး ရှင်းလင်းပါ။
?ပတ်ဝန်းကျင်သန့်ရှင့်ရေးများပြုလုပ်ပြီး ကျန်းမာရေးအသိပေးမှုများပြုလုပ်ပါ။
အားလုံးပဲ မုန်တိုင်းကြေငြာထားတာလည်းရှိတာကြောင့် သတင်းအမြဲစွင့်ပြီးသတိထားသွားလာကြပါ။
4
0

Recent Posts