သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) အကြောင်းသိကောင်းစရာ 🦟‼️
သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက ခြင်ကျားကိုက်ရာနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း”Break-Bone” Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုး ရှိပါတယ်။
📍“Break-Bone” Fever (အပျော့စားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ
အဖျားတက်တာ
အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်တာ
ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲမှုတွေ ကိုခံစားရနိုင်ပါတယ်။
📍Dengue Hemorrhagic Fever (အပြင်းစားသွေးလွန်တုပ်ကွေးရောဂါ) ခံစားရတဲ့အခါ
သွေးယိုစိမ့်မယ်
အဖျားတက်မယ်
သွေးပေါင်ချိန်ကျတာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
အခုလိုမိုးရာသီမှာ ခြင်ကျားတွေအကိုက်ခံရတာကြောင့် အပြင်းစားသွေးလွန်တုပ်ကွေးထက် အပျော့စားသွေးလွန်တုပ်ကွေးသာ အဖြစ်များနေကြပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့အခါ အခုလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ်
သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီး ပြတတ်တာဖြစ်ပါတယ်။
❗သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ –
ခေါင်းကိုက်မယ်၊ ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမယ် မအီမသာဖြစ်မယ်၊ အော့အန်မယ်၊ မျက်လုံးအနောက်ဘက်က နာကျင်မယ်၊ ဂလင်းတွေ ရောင်ရမ်းမယ်၊
အရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်မယ်...
❗အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ –
ဗိုက်အောင့်မယ်၊ အဆက်မပြတ် အော့အန်နေမယ်၊ သွားဖုံးနဲ့ နှာခေါင်းက သွေးထွက်မယ်၊ ဆီးသွားရင် သွေးပါမယ်၊ ဝမ်းသွားရင် သွေးပါမယ်၊ အန်တဲ့အခါ သွေးစတွေပါလာမယ်၊ အရေပြားအောက်မှာ သွေးယိုစိမ့်မှုဖြစ်ပြီး အညိုအမည်းစွဲသလို အကွက်တွေဖြစ်မယ်....
အသက်ရှူရခက်မယ်
အသက်ရှူတာ အရမ်းမြန်နေမယ်
ခန္ဓာကိုယ်ကအေးစက်နေမယ်
ခြေကုန်လက်ပန်းကျမယ်
အိပ်မပျော်ဘဲ စိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။
ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တာကြောင့် အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။
''အချက်အလက်အချို့အား Helloဆရာဝန်၏ ဆောင်းပါးမှကောက်နုတ်ထားပါသည်''
#gamonepwint #gmp #gamonepwintofficial #ဂမုန်းပွင့် #shoppingmall #knowledgesharing