ဆောင်းအကုန် နွေအကူး ဖြစ်တဲ့ ဖေဖော်ဝါရီလထဲမှာ နေမကောင်းဖြစ်ချင်သလိုလို၊ အားမရှိသလိုလို ခံစားနေရပြီလား? 🤒
မနက်အစောပိုင်းမှာ အေးပြီး နေ့လယ်ပိုင်းမှာ ပူတတ်တာကြောင့် ခန္ဓာကိုယ်က အပူအအေး မျှတအောင်နေဖို့ အရေးကြီးပါတယ်။
ရာသီဥတု အပြောင်းအလဲမှာ ခန္ဓာကိုယ်က ပုံမှန်ထက် ပိုပြီး ပင်ပန်းတတ်ပါတယ်။ ဒါကြောင့် အစားအသောက်ကြိုက်တဲ့ သူတွေအတွက် ဆေးသောက်စရာမလိုဘဲ အစားအသောက်နဲ့တင် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်မြှင့်လို့ရတယ်နော်။
အဓိကကတော့
✅ ဗီတာမင် C များများစားပေးဖို့နဲ့
✅ နေပူလာတာနဲ့ အမျှ ရေဓာတ် မခမ်းခြောက်အောင် ဂရုစိုက်ဖို့ပါပဲ။
✅ လတ်ဆတ်တဲ့ အသီးအနှံတွေကို ရွေးချယ်စားပေးဖို့လိုအပ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးအတွက် အရေးကြီးတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ပရိုတင်းဓာတ်တွေကိုလည်း မေ့မထားဘဲ ထည့်စားပေးကြရအောင်နော်။ 🥦🍊
💧 အရေးအကြီးဆုံးကတော့ တစ်နေ့ကို ရေ (၂) လီတာ ဂရုစိုက်ပြီး သောက်ပေးဖို့ မမေ့နဲ့ဦးနော်!
ဒီနေ့ရော ဘယ်သူတွေ နေမကောင်းဖြစ်ချင်သလို ဖြစ်နေလဲ? ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဘာတွေစားဖြစ်လဲဆိုတာ မန့်ခဲ့ကြပါဦး။ 💬✨
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။