💡 အသက် (၃၅) ကျော် အမျိုးသမီးတိုင်း သိထားသင့်တဲ့ 'ဟော်မုန်းနှင့် အာဟာရ' ဆက်စပ်မှု

Apr 29, 2026
Healthy
💡 အသက် (၃၅) ကျော် အမျိုးသမီးတိုင်း သိထားသင့်တဲ့ 'ဟော်မုန်းနှင့် အာဟာရ' ဆက်စပ်မှု

   အမျိုးသမီးများအတွက် အသက် (၃၅) ဝန်းကျင်ဆိုတာ ခန္ဓာကိုယ်အတွင်းမှာ အနည်းငယ် အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာနိုင်တဲ့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ အမျိုးသမီးဟော်မုန်းဖြစ်တဲ့ Estrogen နဲ့ Progesterone တို့က တဖြည်းဖြည်း ပြောင်းလဲလာတာကြောင့် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ အချို့အပြောင်းအလဲများကို တွေ့ကြုံနိုင်ပါတယ်။ဒီလိုဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်တဲ့ လက္ခဏာများနဲ့ အဲ့ဒီအတွက် စားသင့်တဲ့ အစားအစာတွေကို ဖော်ပြထားပါတယ်။ဟော်မုန်း Balance ကို ထိန်းထားနိုင်ဖို့ အာဟာရမှန်ကန်တဲ့ အစားအစာတွေ စားသုံးခြင်းက အရေးကြီးပါတယ်။

၁။ ရာသီစက်ဝန်း ပြောင်းလဲလာခြင်း

    အသက် (၃၅) ကျော်လာတဲ့အခါ Estrogen နဲ့ Progesterone ဟော်မုန်းတွေ အနည်းငယ်လျော့လာတာကြောင့် ဟော်မုန်းပမာဏ မညီမျှနိုင်တာကြောင့် ရာသီစက်ဝန်းမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ တချို့လတွေမှာ ရာသီနည်းသွားနိုင်ပြီး တချို့အချိန်တွေမှာ များလာခြင်း သို့မဟုတ် မမှန်တော့ခြင်းတို့ ဖြစ်တတ်ပါတယ်။

စားသင့်သော အစားအစာများ

သဘာဝ အီစထရိုဂျင် (Phytoestrogens) ပါဝင်သော အစားအစာများ - ပဲပုပ်၊ တိုဟူး၊ ပဲနို့

အိုင်ရွန် (Iron) ပါဝင်သော အစားအစာများ – အမဲသား၊ ကြက်သား၊ငါး

စိမ်းလန်းသော ဟင်းရွက်များ – ကန်စွန်းရွက်၊ မုန်ညင်းရွက်၊ပဲမျိုးစုံ – ပဲနီ၊ ပဲပုပ်

Vitamin C ပါဝင်သော အသီးများ – လိမ္မော်သီး၊ မန်ကျည်းသီး

ဒီအစားအစာတွေက ခန္ဓာကိုယ်မှ လျော့ကျသွားသော ဟော်မုန်းဓာတ်ကို သဘာဝအတိုင်း ပြန်လည်ထိန်းညှိပေးရန် နှင့်သွေးအားကို ကောင်းမွန်စေပြီး ရာသီစက်ဝန်းကိုလည်း ပိုမိုညီမျှစေပါတယ်။

၂။ စိတ်အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း

 ဟော်မုန်းများ ပြောင်းလဲလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။ စိတ်တိုလွယ်ခြင်း၊ စိတ်ဖိစီးမှု ပိုဖြစ်လာခြင်း၊ အလွယ်တကူ စိတ်ညစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

စားသင့်သော အစားအစာများ

Omega-3 ပါဝင်သော အစားအစာများ – ငါး (Salmon, Tuna)၊အခွံမာသီးများ – Almond, Walnut၊အနက်ရောင်ချောကလက် (Dark Chocolate) အနည်းငယ် ၊Banana

ဒီအစားအစာတွေက စိတ်ကို တည်ငြိမ်စေပြီး Stress ကို လျှော့ချပေးနိုင်ပါတယ်။

၃။ အသားအရေ ပြောင်းလဲလာခြင်း

 Estrogen ဟော်မုန်း လျော့လာတဲ့အခါ အသားအရေမှာ အစိုဓာတ် နည်းလာနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့လာခြင်း၊ အရေးအကြောင်း ပိုပေါ်လာခြင်းတို့ ဖြစ်တတ်ပါတယ်။

စားသင့်သော အစားအစာများ

Vitamin E ပါဝင်သော အစားအစာများ – Almond, Sunflower seeds၊အသီးအနှံများ – Avocado, Papaya၊Omega-3 ပါဝင်သော ငါးများ၊ရေများများ သောက်ခြင်း

  ဒီအာဟာရတွေက အသားအရေကို စိုပြေကျန်းမာစေပါတယ်။

၄။ ကိုယ်အလေးချိန် တက်လာနိုင်ခြင်း

 အသက်တိုးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ Metabolism လည်း တဖြည်းဖြည်း နှေးလာတတ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်ပိုင်းမှာ အဆီစုလာခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်းတို့ ဖြစ်နိုင်ပါတယ်။

စားသင့်သော အစားအစာများ

Fiber များသော အစားအစာများ – Oats, Brown rice၊ဟင်းသီးဟင်းရွက်များ – Broccoli, Carrot၊ပရိုတင်းဓာတ်များသော အစားအစာများ – ကြက်သား၊ငါး၊ ဥ၊အသီးအနှံများ – Apple, Guava  ဒီအစားအစာတွေက အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။

၅။ အိပ်စက်မှုပြဿနာများ

 Hormone balance ပြောင်းလဲလာတာကြောင့်အိပ်မပျော်ခြင်း၊ ညဘက် မကြာခဏ နိုးလာခြင်း စတဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာများကိုလည်း ကြုံတွေ့နိုင်ပါတယ်။

စားသင့်သော အစားအစာများ

Magnesium ပါဝင်သော အစားအစာများ – Almond, Pumpkin seeds၊နို့ သို့မဟုတ် Yogurt၊Banana ၊ Oats

ဒီအစားအစာတွေက ခန္ဓာကိုယ်ကို အနားယူစေပြီး အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။

၆။ ပင်ပန်းလွယ်ခြင်းနှင့် အားနည်းသလို ခံစားရခြင်း

 တချို့အမျိုးသမီးများမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် အားနည်းသလို ခံစားရခြင်း၊ အလုပ်လုပ်ရတာ ပိုမိုပင်ပန်းလာခြင်းတို့ ဖြစ်တတ်ပါတယ်။

စားသင့်သော အစားအစာများ

Iron ပါဝင်သော အစားအစာများ – အမဲသား၊ ကြက်သား၊ပဲမျိုးစုံ၊ဥ၊စိမ်းလန်းသော ဟင်းရွက်များ

ဒီအစားအစာတွေက သွေးအားကို တိုးစေပြီး ခန္ဓာကိုယ်အားအင်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

၇။ အရိုးကျန်းမာရေး ထိခိုက်လာခြင်း 

  Estrogen ဟော်မုန်း လျော့ကျလာတဲ့အခါ အရိုးသိပ်သည်းဆကို ထိခိုက်စေပြီး အရိုးပွတာတွေ ဖြစ်လာနိုင်ပါတယ်။ စားသင့်သော အစားအစာများ

Calcium နှင့် Vitamin D ပါဝင်သော အစားအစာများ – နွားနို့၊ ဒိန်ချဉ်၊အရိုးပါဝါးစားလို့ရတဲ့ ငါးလေးများ၊မှိုအမျိုးမျိုး 

ဒီအစားအစာတွေက အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သတိထားသင့်သော အစားအစာများ

   သကြားများသော အစားအစာများ၊အဆီများလွန်းသော Fast Food၊၊အချိုရည်များဒီလိုအစားအစာတွေကို လျှော့စားခြင်းက ဟော်မုန်း Balance ကို ထိန်းထားဖို့ ကူညီပေးပါတယ်။

   အသက် (၃၅) ကျော်အမျိုးသမီးများအတွက် ဟော်မုန်းပြောင်းလဲမှုများဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သို့သော် အာဟာရညီမျှသော အစားအစာများ စားသုံးခြင်း၊ တစ်နေ့လျှင် ရေ (၂) လီတာခန့် လုံလောက်စွာ သောက်သုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝဝ အနားယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ခြင်းက ဟော်မုန်း Balance ကို ထိန်းသိမ်းကာ အသက် (၃၅) ကျော်ပြီးနောက်တွင်လည်း ကျန်းမာပြီး အားအင်ပြည့်ဝစွာ နေထိုင်နိုင်စေပါသည်။

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0

Recent Posts

Father's Day

Jun 20, 2026
နေ့ထူးနေ့မြတ်

International Mother’s Day

May 09, 2026
နေ့ထူးနေ့မြတ်