ဂမုန်းပွင့် မိသားစု၏ CSR အစီအစဉ်အရ လစဉ်လှူဒါန်းမှု 2026 ၊ ဇွန်လ (၁၉) ရက်နေ့တွင်
🏫 ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ် ၊ အလယ်တောရ ကျောင်းတိုက်ဝန်းထဲရှိ ရတနာကျော်မော်သီလရှင်စာသင်တိုက် နှင့် သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက် (မော်လမြိုင်) ၊
🏫 ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ် ၊ မင်းကွန်းတောရကျောင်းတိုက်ဝန်းထဲရှိ မင်္ဂလာစာသင်တိုက် (သီလရှင်ကျောင်း) တို့တွင်
📦 ငွေကျပ် သိန်း(၅၀)ကျော်တန်ဖိုးရှိ ဆန် (၁၈)အိတ်၊ ဆီ (၄)ပုံး၊ ရေခဲမုန့်များနှင့် ငွေသားများကို
🤝 ပါမောက္ခ ဦးသိန်းဝင်း နှင့်အတူ ၈၂/၈၃ ဘူမိဗေဒ သူငယ်ချင်းများမှ စုပေါင်းလှူဒါန်းခဲ့သည့် ပုံရိပ်လေးများကို ထပ်တူဝမ်းမြောက်သာဓုခေါ်စေနိုင်ရန် တင်ဆက်ပေးလိုက်ပါသည်။ 🙏