🙏ဂမုန်းပွင့် မိသားစု၏ လစဉ်လှူဒါန်းမှု 𝐂𝐒𝐑 အစီအစဉ်

Feb 07, 2026
CSR
🙏ဂမုန်းပွင့် မိသားစု၏  လစဉ်လှူဒါန်းမှု  𝐂𝐒𝐑 အစီအစဉ်

🙏ဂမုန်းပွင့် မိသားစု၏  လစဉ်လှူဒါန်းမှု  𝐂𝐒𝐑 အစီအစဉ်အရ 2026 , ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ

➤ အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ရှိ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာတွင် ဂမုန်းပွင့်ကုမ္ပဏီမှ ပေါ်ဆန်းမွှေးဆန် (၁၀) အိတ် ၊ ဆီ (၁၀)ပိဿာ (၂)ပုံး ၊ Diaper နှင့် အမျိုးသမီးလစဉ်သုံး ၊ ဆေးဝါးမျိုးစုံ ၊ ရေခဲမုန့် (၁)သိန်းဖိုး ပုံးကြီးတစ်ပုံး တို့ကို လှူဒါန်းခဲ့ပါသည်။

➤ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအတွက် ဂမုန်းပွင့် ကုမ္ပဏီ မိသားစုမှ လူနာ (၁) ဦး လျှင် ငွေသား ၁၀၀,၀၀၀/ နှုန်းဖြင့် (၂၈) ဦးအတွက် ၂,၈၀၀,၀၀၀/ (ကျပ် နှစ်ဆယ့်ရှစ်သိန်း တိတိ) ကို လည်းကောင်း ၊ ပါမောက္ခ ဦးသိန်းဝင်း နှင့် ၈၂/၈၃ ဘူမိဗေဒ သူငယ်ချင်းများက ၁,၂၈၀,၀၀၀/ (ကျပ် တစ်ဆယ့်နှစ်သိန်းရှစ်သောင်းတိတိ)  လှူဒါန်းခဲ့သည့် ပုံရိပ်လေးများကို ထပ်တူဝမ်းမြောက်သာဓုခေါ်စေနိုင်ရန် မျှဝေပေးလိုက်ပါသည်။ 🎉

3
0

Recent Posts