မိုးဖွဲဖွဲလေးရွာပြီး ရာသီဥတုအေးစိမ့်စိမ့်ဖြစ်လာပြီဆိုရင် အလိုလိုနေရင်း ပူပူစပ်စပ်တွေကို စားချင်လာပါတော့တယ်။ဒါပေမဲ့ မိုးရာသီမှာ ခုခံအားကျလွယ်ပြီး အစာအဆိပ်သင့်တာ၊ ဝမ်းပျက်တာတွေ အဖြစ်များတတ်လို့ တွေ့ကရာစားဖို့ထက် ခန္ဓာကိုယ်ကို နွေးထွေးစေပြီး ခုခံအားတက်စေမယ့် အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။
မိုးရာသီအေးအေးမှာ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး စိတ်ကိုပါ အပန်းပြေစေမယ့်အပြင် အာဟာရလည်းဖြစ် အကြိုက်လည်းတွေ့စေမယ့် အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။
၁. ပူပူစပ်စပ် စွပ်ပြုတ်နှင့် ဟင်းရည်များ-မိုးရွာလို့ ကိုယ်လက်အေးစိမ့်နေချိန်မှာ ကြက်စွပ်ပြုတ်၊ အမဲစွတ်ပြုတ် ၊တုန်ယမ်းဟင်းရည်၊ ရခိုင်မုန့်တီပူပူလေးတွေက သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး လည်ပင်းနာခြင်းကို သက်သာစေပါတယ်။
၂. နွေးထွေးစေမယ့် အရည်ပူပူများ-ချင်း(ဂျင်း)ရေနွေးကြမ်း၊ လက်ဖက်ရည်ကြမ်းပူပူ ၊သံပရာပျားရည်ရေနွေးကို သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကို ချက်ချင်းနွေးထွေးစေပြီး ကိုယ်ခံအားကိုပါ တက်စေပါတယ်။
၃.ပဲအမျိုးမျိုး နှင့် ပရိုတင်းဓာတ်-ပဲနီလေး၊ ပဲပြုတ်ပူပူလေး၊ ဥအမျိုးမျိုးတွေက မိုးရာသီအတွက် အကောင်းဆုံးပါပဲ။ ပရိုတင်းဓာတ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး မိုးတွင်းမှာ အလွယ်တကူ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။
၄. ချင်း(ဂျင်း)၊ကြက်သွန်ဖြူနှင့်ငရုတ်ကောင်း- ချင်း(ဂျင်း) နှင့် ကြက်သွန်ဖြူတွင် (ဗိုင်းရပ်စ်ဆန့်ကျင်ဓာတ်) နှင့် Antioxidants များ ကြွယ်ဝစွာပါဝင်သည်။ ဟင်းလျာများတွင် ပိုမိုထည့်ချက်ခြင်းဖြင့် မိုးတွင်းမှာ ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုးနှင့် ရင်ကျပ်ခြင်းတို့ကို သက်သာစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေသည်။
၅.အစိမ်းရောင်ရှိသောအသီးအရွက်များ-ကိုယ်ခံအားကောင်းဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစိမ်းရောင်ရှိသော အသီးအရွက်များ စားပေးသင့်ပါတယ်။ ဒါပေမယ့် မိုးရာသီတွင် ပိုးကောင်နှင့် ဘက်တီးရီးယားများ ခိုအောင်းလွယ်သဖြင့် အစိမ်းစားခြင်းကိုရှောင်ပြီး သေချာဆေးကြောကာ ကျက်အောင် ချက်ပြုတ်ဖို့ လိုအပ်ပါတယ်။
မိုးရာသီမှာ အဓိကက ဝမ်းပျက်ဝမ်းလျှော အလွယ်တကူ ဖြစ်တတ်လို့ အစားအသောက်ကို ပူပူနွေးနွေးနဲ့ သန့်ရှင်းလတ်ဆတ်မှု ရှိမရှိကို အထူးဂရုစိုက်ကြဖို့ မမေ့ပါနဲ့ဦးနော်။
မိုးရွာတဲ့ရက်လေးတွေမှာ သူငယ်ချင်းတို့ အိမ်မှာရော ဘာဟင်းချက်စားလေ့ရှိလဲ? ကိုယ်အကြိုက်ဆုံး မိုးတွင်းခံတွင်းလိုက်စေမယ့် ဟင်းလေးတွေကို Comment မှာ လာကြွားခဲ့ကြဦးနော်။ ❤️
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။