ဒီနေ့ခေတ်မှာ လူအများစု လုပ်လေ့ရှိတဲ့ အလေ့အကျင့်တစ်ခုကတော့ ညအိပ်ခါနီးအထိ ဖုန်းအသုံးပြုပြီး၊ မျက်စိကျိန်းလာမှ ဖုန်းကို အားသွင်းကြိုးထိုးကာ ခေါင်းရင်းနားမှာထားပြီး အိပ်ပျော်သွားတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအလေ့အကျင့်က တကယ်တမ်း လုံခြုံရဲ့လား? 🔌
ရေရှည်မှာ ဖုန်းဘက်ထရီကို ထိခိုက်စေနိုင်လား? 🔋
အပူလွန်ကဲမှု (overheating) သို့မဟုတ် အန္တရာယ်တစ်ခုခု ဖြစ်နိုင်ချေရှိလား? ဆိုတာကို လူအများစု မကြာခဏ စိုးရိမ်ပြီး မေးမြန်းတတ်ကြပါတယ်။အခုဒီ Blog လေးမှာတော့ ခေတ်မီစမတ်ဖုန်းနည်းပညာ အခြေအနေကို အခြေခံပြီး သိပ္ပံနည်းကျ ဗဟုသုတတွေကို လွယ်လွယ်ကူကူ ရှင်းပြပေးသွားပါမယ်။
🔌 ခေတ်မီဖုန်းတွေက တကယ်တော့ အများအားဖြင့် စိတ်ချရပါတယ်
ယနေ့ခေတ် Smartphone များ (Android / iPhone) အများစုတွင် Lithium-ion ဘက်ထရီနည်းပညာနှင့်အတူ Battery Management System (BMS) ပါဝင်လာပြီး ဘေးကင်းရေးကို အလွန်အရေးပေးထားပါတယ်။
ဖုန်းဘက်ထရီသည် 100% အားပြည့်သွားပါက အားသွင်းစနစ်က လျှပ်စစ်ဝင်ရောက်မှုကို အလိုအလျောက် ထိန်းချုပ်/ရပ်တန့်ပေးနိုင်သည်။ ဒါကြောင့် အားအလွန်အကျွံဝင်ပြီး ဖုန်းပေါက်ကွဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးထားပြီးသား ဖြစ်ပါတယ်။
⚠️ ဒါပေမဲ့... "100% Safe" လို့တော့ ပြောလို့မရပါဘူး
ဖုန်းက နည်းပညာအရ safe ဖြစ်ပြီး အလိုအလျောက် ဖြတ်တောက်ပေးလို့ မပေါက်ကွဲနိုင်ပေမဲ့ ညလုံး charger ထိုးထားခြင်းကြောင့် ရေရှည်မှာ အောက်ပါ ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်ပါတယ်။
🔋 1. ဘက်ထရီသက်တမ်း တဖြည်းဖြည်းတိုစေခြင်း
Lithium-ion ဘက်ထရီတွေဟာ အားလုံးဝကုန်သွားတာ (0%) သို့မဟုတ် ၁၀၀% မှာ အကြာကြီး ရှိနေတာထက် 20% မှ 80% ကြား မှာ ရှိနေရင် သက်တမ်းအရှည်ဆုံး ခံပါတယ်။ ညဘက် ၇ နာရီ၊ ၈ နာရီလောက် အကြာကြီး အားသွင်းထားတဲ့အခါ ဖုန်းက ၁၀၀% အခြေအနေမှာ နာရီပေါင်းများစွာ ရှိနေတား အချိန်ကြာလာတာနဲ့အမျှ
👉 ဘက်ထရီရောင်ခြင်း
👉 အားမခံခြင်း
👉 သက်တမ်းတိုခြင်း
တွေ ဖြစ်နိုင်ပါတယ်။
🔄 2. Trickle Charging ဖြစ်ခြင်း
100% ပြည့်ပြီးနောက် 99% လျော့သွားရင် ပြန်သွင်းတဲ့ cycle ကို Trickle Charging လို့ခေါ်ပါတယ်။
ဒီ process က ချက်ချင်းအန္တရာယ်မဖြစ်ပေမဲ့
ဒီလို cycle လေးတွေ များလာရင်
🔋 Battery health ကျတာ, Battery အားခံချိန်တိုလာတာ
မျိုး ရေရှည်မှာ ဖြစ်နိုင်ပါတယ်။
🔥 ညဘက်အားသွင်းရင် အပူတက်နိုင်ခြင်း (Overheating)
ညဘက်ဖုန်းအားသွင်းတာထက် "ဘယ်လိုနေရာမှာ အားသွင်းလဲ" ဆိုတာက ပိုအရေးကြီးပါတယ်။ အားသွင်းနေစဉ်မှာ ဖုန်းကနေ သဘာဝအတိုင်း အပူထွက်ပါတယ်။
အကယ်၍ ဖုန်းကို အိပ်ရာကုတင်၊ မွေ့ရာပေါ် သို့မဟုတ် ခေါင်းအုံးအောက်ထဲ ထည့်ပြီး အားသွင်းမိရင် ထွက်လာတဲ့အပူတွေ အပြင်မထွက်နိုင်ဘဲ ပိတ်မိကာ ဖုန်းအလွန်ပူလာပြီး မီးလောင်ကျွမ်းတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
💡 ဘေးကင်းပြီး ဘက်ထရီသက်တမ်းခံအောင် ဘယ်လိုသွင်းမလဲ?
ညဘက်အားသွင်းပြီး အိပ်တတ်တဲ့အကျင့်ကို ပြင်ရခက်တယ်ဆိုရင် အောက်ပါ Safe Charging Habits လေးတွေကို လိုက်နာပေးရုံနဲ့ အန္တရာယ်ကင်းဝေးစေမှာပါ -
👉 Optimized Battery Charging ကို သုံးပါ: iPhone နှင့် Android ဖုန်းအများစုမှာ ဒီ Function ပါဝင်ပါတယ်။ ၎င်းကို On ထားရင် သင့်ရဲ့ အိပ်စက်တဲ့ Routine ကို မှတ်သားပြီး ဖုန်းအားကို 80% အထိပဲ အရင်သွင်းပေးကာ ကျန်တဲ့ 20% ကို သင်နိုးခါနီးမှ ဖြည်းဖြည်းချင်း ညှိသွင်းပေးတာမို့ ဘက်ထရီကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
👉 မာကျောပြီး အေးမြတဲ့ မျက်နှာပြင်ပေါ်မှာ သွင်းပါ: ဖုန်းကို သစ်သားစားပွဲ သို့မဟုတ် ကြမ်းပြင်ကဲ့သို့ အပူစုပ်ယူမှုနည်းပြီး လေဝင်လေထွက်ကောင်းသော နေရာတွင်သာ အားသွင်းပါ။
👉 ဖုန်းကာဗာ (Phone Case) ချွတ်ထားပါ: ဖုန်းကာဗာ ထူထူတွေ တပ်လျက် အားသွင်းတာက အပူကို အပြင်မထွက်အောင် ပိတ်ဆို့ထားတတ်ပါတယ်။ ကာဗာချွတ်ပြီး အားသွင်းခြင်းက အပူတွေကို လွယ်လွယ်ကူကူ ထွက်သွားစေပါတယ်။
👉 Original charger သုံးပါ: အရည်အသွေးညံ့တဲ့ Standard မမီတဲ့ အားသွင်းကြိုးနဲ့ ခေါင်းတွေက လျှပ်စစ်စီးကြောင်းကို မထိန်းချုပ်နိုင်လို့ အန္တရာယ်အရှိဆုံး ဖြစ်စေနိုင်ပါတယ်။
🌙 အကောင်းဆုံး အလေ့အကျင့်က ဘာလဲ?
ဘက်ထရီအတွက် အကောင်းဆုံးကတော့ မအိပ်ခင်မှာပဲ အားသွင်းပြီး 80%–90% လောက်မှာ ဖြုတ်ထားလိုက်တာပါပဲ။ ဒါပေမဲ့ မဖြစ်မနေ ညဘက်အားသွင်းရတဲ့အခါလည်း ဘေးကင်းစွာနဲ့ စနစ်တကျ အသုံးပြုပြီး အထက်ပါ နည်းလမ်းလေးတွေကို စနစ်တကျ လိုက်နာရင် ဘက်ထရီသက်တမ်းကို ပိုရှည်စေပြီး ဖုန်းကိုလည်း ရေရှည်အကောင်းဆုံး အသုံးပြုနိုင်မှာပါ။ ကိုယ့်ရဲ့ အဖိုးတန်ဖုန်းလေးကို ကောင်းကောင်းထိန်းသိမ်းကြရအောင်နော် 📱💛
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။