တရုတ်နှစ်သစ်ကူး (Chinese New Year) ၏အဓိပ္ပါယ်

Feb 11, 2026
Festivals & Events
တရုတ်နှစ်သစ်ကူး (Chinese New Year) ၏အဓိပ္ပါယ်

   တရုတ်နှစ်သစ်ကူး (Lunar New Year) ဟာ ကမ္ဘာတစ်ဝန်းရှိ တရုတ်လူမျိုးတွေအတွက် အရေးကြီးဆုံး ရိုးရာပွဲတော်ကြီး ဖြစ်ပါတယ်။ပွဲတော်ကာလကို ၁၅ ရက်တိုင်အောင် ကျင်းပတတ်ကြပါတယ်။ဒီပွဲတော်ဟာ ဆောင်းရာသီကုန်ဆုံးပြီး နွေဦးပေါက်ကာလကို ကြိုဆိုတာဖြစ်လို့ Spring Festival (နွေဦးပွဲတော်) လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

   တရုတ်နှစ်သစ်ကူးရဲ့ အဓိက သဘောတရားကတော့ နှစ်ဟောင်းက ကံမကောင်းမှုတွေ၊ စိတ်ညစ်စရာတွေကို ထားရစ်ခဲ့ပြီး နှစ်သစ်မှာ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ဘဝကို အသစ်ပြန်စဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် နှစ်မကူးခင် အိမ်ကို သန့်ရှင်းရေးလုပ်ကြသလိုမိသားစုနဲ့ အတူတူနေခြင်းကို အလွန်အရေးထားကြပါတယ်။

    ဒီပွဲတော်ရဲ့ အနှစ်သာရအရှိဆုံး အချိန်ကတော့ နှစ်သစ်ကူး အကြိုညပဲ ဖြစ်ပါတယ်။ ဝေးကွာနေတဲ့ မိသားစုဝင်တွေအားလုံး အိမ်ပြန်လာပြီး Reunion Dinner လို့ခေါ်တဲ့ ညစာကို အတူတူ လက်ဆုံစားကြပါတယ်။ ဒါဟာ မိသားစု စည်းလုံးညီညွတ်မှုနဲ့ မေတ္တာတရားကို ဖော်ပြနေပါတယ်။

    တရုတ်ရိုးရာအရ "အနီရောင်" ဟာ အောင်မြင်မှုနဲ့ လာဘ်လာဘကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် အိမ်တွေ၊ လမ်းတွေမှာ အနီရောင် မီးအိမ်တွေ ဆင်ယင်ကြသလို၊ လူကြီးတွေက ကလေးတွေကို အန်းပေါင်း (Ang Pao) လို့ခေါ်တဲ့ အနီရောင် စာအိတ်လေးတွေနဲ့ မုန့်ဖိုးပေးပြီး ကောင်းချီးပေးကြပါတယ်။

   တရုတ်နှစ်သစ်ကူးမှာ နှစ်စဉ်နှစ်တိုင်းကို ရာသီခွင် (Zodiac) တိရစ္ဆာန် တစ်မျိုးစီနဲ့ ကိုယ်စားပြုလေ့ရှိပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ်ကတော့ "မြင်းနှစ်" ဖြစ်တဲ့အတွက် တက်ကြွမှု၊ လွတ်လပ်မှုနဲ့ အောင်မြင်မှုဆီသို့ အရှိန်အဟုန်နဲ့ တက်လှမ်းမယ့်နှစ်လို့ ယုံကြည်ရပါတယ်။


   အားလုံးပဲ နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီး စီးပွားရေးများ ဒီရေအလားတိုးတက်ကြပါစေ။

   အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

1
0

Recent Posts