မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ

Sep 04, 2024
Healthy
မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ

မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ 📍

  • မျောက်ကျောက် ရောဂါ (𝗠𝗽𝗼𝘅) ဆိုတာ မျောက်တွေကနေတစ်ဆင့် စတင်တွေ့ရှိရတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူတွေဆီကို ကူးစက်တတ်တဲ့ ရှားပါးကူးစက် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးလည်း ဖြစ်ပါတယ်။ 
  • မျောက်ကျောက်ရောဂါ ကူးစက်မခံရဖို့ဆိုရင် ရောဂါကူးစက်သူတွေနဲ့ ထိတွေ့ဆက်ဆက်တာ သူတို့အသုံးပြုတဲ့ အသုံးအဆောင်တွေအတူတူသုံးတာမျိုးကနေ ရှောင်ရှားပေးဖို့လည်း လိုအပ်ပါတယ်။ 
  • 𝗪𝗛𝗢 အဖွဲ့အစည်းကနေပြီး 𝗠𝗽𝗼𝘅 ခံစားနေရတဲ့လူတစ်ဦးက (၂)ပတ်ကနေ (၄) ပတ်အတွင်း တခြားသူကို ကူးစက်နိုင်ခြေပိုပြီးမြင့်တယ်လို့လည်း သတိပေးပြောကြားထားပါသေးတယ်။
  • ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (𝗟𝘆𝗺𝗽𝗵 𝗻𝗼𝗱𝗲) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်သည်။
  • မျောက်ကျောက်ရောဂါဖြစ်ပွားပြီဆိုပါက ရောဂါကဟာ(၂) ပတ်ကနေ (၄) ပတ်အထိဖြစ်ပွားလေ့ရှိပြီး ဆေးကုမှုခံယူစရာမလိုပဲ ပြန်လည်ပျောက်ကင်းသွားတတ်ပါတယ်။ 
  • မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်။
  • အရေးကြီးတဲ့ အချက်ကတော့ မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေက အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများဖြစ်စေနိုင်ပါတယ်။ 
  • ဒါကြောင့် မိမိတို့အနေနဲ့ ရောဂါကူးစက်မခံရဖို့ကိုအထူးဂရုစိုက်ရန် လိုအပ်ပြီး ရောဂါဖြစ်လာခဲ့လျှင်လည်း ကိုယ်ခံအားကောင်းအောင် အစားအသောက်ပုံမှန်စားတာနဲ့ အိပ်ရေးဝဝအိပ်တာမျိုးကို ပြုလုပ်သင့်ပါတယ်။ 

အချို့သောအချက်များအား 𝘄𝗶𝗸𝗶𝗽𝗲𝗱𝗶𝗮 မှကိုးကားတင်ပြပါသည်။

1
0

Recent Posts